YA AP Program 🎓✨
နိုင်ငံတကာ တက္ကသိုလ်များဆီသို့ အစောဆုံး ခြေလှမ်း – YA AP Program 🎓✨
ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ် ပညာရေးလမ်းကြောင်း ပိုမိုခိုင်မာစေရန် YA International School တွင် နှစ်ပေါင်း (၂၀) ကျော်အသုံးပြုခဲ့သည့် International Curriculum နှင့်အတူ AP (Advanced Placement) Program ကိုလည်း စနစ်တကျ သင်ကြားပေးလျက် ရှိပါသည်။
အထက်တန်းအဆင့်မှာပင် တက္ကသိုလ်အဆင့် ဘာသာရပ်များကို ကြိုတင်လေ့လာခွင့်ရရှိခြင်းသည် ကျောင်းသား၊ သူများ၏ အနာဂတ်အတွက် အလွန်ကောင်းမွန်သည့် အားသာချက်တစ်ခု ဖြစ်ပါသည်။
Advanced Placement (AP) Program သည် ကမ္ဘာတစ်ဝှမ်းလုံးက အသိအမှတ်ပြုထားသည့် ပညာရေးဆိုင်ရာ ထူးချွန်မှုအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်ကြီးများမှ ဝင်ခွင့်ဆုံးဖြတ်ရာတွင် AP Program ၏ ခိုင်မာမှုကို အပြည့်အဝ အသိအမှတ်ပြုကြပါသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံပေါင်း (၆၀) ကျော်ရှိ ထိပ်တန်းတက္ကသိုလ်များသည် AP စာမေးပွဲအမှတ်များကို တက္ကသိုလ်ဝင်ခွင့်နှင့် Credits ကင်းလွတ်ခွင့် ပေးရန်အတွက် တရားဝင် လက်ခံအသိအမှတ်ပြုထားကြပါသည်။
မိဘများအနေဖြင့် မိမိတို့ကလေးများ၏ ပညာရေးအတွက် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်မည့် YA ၏ AP Program မှ ရရှိနိုင်မည့် အားသာချက် (၅) ချက် -
🎓 ၁။ တက္ကသိုလ်ရောက်လျှင် အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေခြင်း
AP စာမေးပွဲတွင် အမှတ်ကောင်းရရှိထားသည့် ဘာသာရပ်များအတွက် တက္ကသိုလ်ရောက်သည့်အခါ သင်ခန်းစာအချို့ကို တိုက်ရိုက်ကင်းလွတ်ခွင့် (Credits) ရရှိမည်ဖြစ်ပါသည်။ ဒါကြောင့် တက္ကသိုလ်တက်ရောက်ရမည့် ကြာချိန်ကို လျှော့ချပေးနိုင်သလို ကျောင်းလခ ကုန်ကျစရိတ်များကိုလည်း အများကြီး သက်သာစေပါသည်။
🌍 ၂။ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ်များ၏ ဝင်ခွင့်ကို အလွယ်တကူ ရရှိနိုင်ခြင်း
အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဥရောပနှင့် အာရှရှိ နာမည်ကြီး နိုင်ငံတကာ တက္ကသိုလ်အများစုသည် AP ဘာသာရပ်များ လေ့လာထားသည့် ကျောင်းသားများကို ဦးစားပေး လှိုက်လှဲစွာ ကြိုဆိုကြပါသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် အခြားကျောင်းသားများထက် အခွင့်အလမ်း ပိုမိုသာလွန်စေပါသည်။
🧠 ၃။ တက္ကသိုလ်အဆင့် သင်ယူမှုများအတွက် စောစီးစွာ အဆင်သင့်ဖြစ်စေခြင်း
အထက်တန်းအဆင့်မှာပင် တက္ကသိုလ်အဆင့် စာပေများကို စနစ်တကျလေ့လာရသောကြောင့် ကလေးများ၏ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ သုတေသနပြုလုပ်နိုင်စွမ်းနှင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်သည့် အလေ့အထကောင်းများကို စောစီးစွာ တည်ဆောက်ပေးနိုင်ပါသည်။
💡 ၄။ မိမိ ဝါသနာပါရာ နယ်ပယ်ကို စောစီးစွာ အထူးပြုလေ့လာနိုင်ခြင်း
Science, Math, Business , Humanities စတဲ့ များစွာသော ဘာသာရပ်တွေထဲက မိမိ ဝါသနာပါရာကို ခိုင်မာစွာ အထူးပြု သင်ယူနိုင်တာကြောင့် တက္ကသိုလ် မေဂျာ ရွေးချယ်မှုအတွက်သာမက အနာဂတ် အလုပ်အကိုင် (Career) အတွက်ပါ အစောဆုံး အခြေခံကောင်း ရရှိစေပါတယ်။
🔬 ၅။ နိုင်ငံတကာအဆင့် သုတေသနပြုနိုင်သည့် စွမ်းရည်များ ရရှိခြင်း
AP သင်ရိုးသည် အလွတ်ကျက်စနစ် မဟုတ်ဘဲ အကြောင်းအရာတစ်ခုကို နက်နက်နဲနဲ သုတေသနပြုလုပ်ခြင်း၊ အချက်အလက် စုဆောင်းခြင်းနှင့် ကိုယ်ပိုင်အယူအဆများကို ထိရောက်စွာ တင်ပြနိုင်သည့် စွမ်းရည်များကို စနစ်တကျ လေ့ကျင့်ပေးပါသည်။
YA International School တွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များနှင့် ရည်မှန်းချက်များကို ပြည့်မီစေရန်အတွက် သီးသန့် AP ဘာသာရပ်ပေါင်း (၁၇) ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ အတွေ့အကြုံရင့် ဆရာ၊ ဆရာမများ၏ စနစ်တကျ သင်ကြားပြသပေးမှုများကြောင့် YA မှ အောင်မြင်စွာ ထွက်ခွာသွားကြသည့် ကျောင်းသား၊ ကျောင်းသူများစွာသည် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် ယုံကြည်မှုရှိရှိ ဆက်လက်ပညာသင်ကြားနေကြပြီ ဖြစ်ပါသည်။
ကျောင်းဝင်ခွင့်နှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Chat Box မှတစ်ဆင့် ဖြစ်စေ၊ ကျောင်းသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 💬❤️
To build a solid foundation for our students' academic futures, YA International School has been offering the Advanced Placement (AP) Program alongside our International Curriculum for over 20 years. Gaining early exposure to college-level courses while still in high school is a significant advantage for our students—and one of the defining strengths of the AP Program.
The Advanced Placement program is a global credential of academic excellence, and universities worldwide recognize the power and rigor of the AP Program when making admissions decisions. Furthermore, higher education institutions in over 60 countries recognize qualifying AP exam scores for admissions and in awarding university credits.
Here are 5 Key Advantages that make YA’s AP Program a trusted investment for your child’s education:
🎓 1. Save Time and University Tuition Fees
High scores on AP exams allow students to earn college credits in advance. This enables them to skip certain introductory university courses, potentially shortening their degree duration and significantly reducing tuition costs.
🌍 2. Gain Recognition & Admissions at Top Universities Worldwide
Leading universities across North America, Europe, the UK, and Asia place immense value on AP coursework. Having AP credits on a student's transcript provides a distinct competitive edge during university admissions globally.
🧠 3. Build Early Readiness for College-Level Academics
By tackling college-level content in high school, students develop crucial skills early on—including critical thinking, independent research, and effective time management.
💡 4. Specialise Early in Passion Areas
Students can dive deep into their areas of interest across fields like Science, Mathematics, Business, and the Humanities. This early focus helps them choose the right university major and builds a strong foundation for their future careers.
🔬 5. Develop World-Class Analytical & Research Skills
The AP curriculum moves beyond rote memorisation. It trains students to conduct thorough research, evaluate information critically, and present their own ideas with clarity and confidence.
At YA International School, we offer 17 separate AP Courses to meet the diverse academic needs and aspirations of our ambitious students. Taught by experienced, highly qualified educators, our program ensures that our graduates consistently transition into top international universities with total confidence. We continue to empower students today, toward making a better world tomorrow.
To learn more about admissions or curriculum details, feel free to contact us via Chat Box or visit our school today! 💬❤️
Empowering Students Today Toward Making a Better World Tomorrow.🌟
…………………………………………………………………
☎️Contact us: +959 7707 99994, +959 7707 99995
📩For more: info@yangonacademy.com
📍Address: 35(B) University Avenue Housing, New University Avenue Road, Bahan Township.
#YA #YAInternationalSchool #InternationalSchool #YA_PlacementTest #ECCTrial #ECC #Since2004 #20Years_Plus #2026_2027_Academicyears #InternationalCurriculum #Elementary #Secondary #HighSchool #MiddleSchool #Array #MSA #WASC #YA_Community #APProgram #APBenefits #GlobalAcceptance


