top of page
Sports Events.jpg

News

& Events

Stay up-to-date with our latest happenings

Search

STEMCO Global Science 2026

  • Apr 25
  • 2 min read

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် STEMCO Global Science 2026 ပြိုင်ပွဲတွင် YA International School မှ Grade 5 ကျောင်းသူလေးသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Silver Award ကို ဆွတ်ခူးရရှိခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ 🇲🇲✨

STEMCO Global Science ပြိုင်ပွဲသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်းစုံမှ သိပ္ပံနှင့် နည်းပညာဘာသာရပ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းယှဉ်ပြိုင်ကြသည့် နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီး ဖြစ်ပါသည်။

နိုင်ငံတကာမှ ကျောင်းသားများစွာ ဝင်ရောက်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတွင် မြန်မာလူမျိုး ကျောင်းသူတစ်ဦးအနေဖြင့် မြန်မာ့ဂုဏ်ဆောင်ပြီး ယခုလို Global Final အဆင့်ထိရောက်ကာ Silver Award ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ခြင်းအတွက် များစွာ ဂုဏ်ယူပါသည်။ 🌍 🥈

ယခုရရှိသည့် အောင်မြင်မှုသည် သူမ၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဝီရိယနှင့် သိပ္ပံဘာသာရပ်အပေါ် ထားရှိသည့် စိတ်အားထက်သန်မှုတို့၏ ရလဒ်ပင် ဖြစ်ပါသည်။ ရှေ့ဆက်မည့် ပညာရေးခရီးလမ်းမှာလည်း အောင်မြင်မှုများစွာ ဆက်လက်ရရှိပြီး အခက်အခဲမရှိ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🎉🌟

………………………………..

We are incredibly proud to announce that a Grade 5 student from YA International School has brought honor to Myanmar by winning the Silver Award at the STEMCO Global Science 2026 competition held in Singapore. 🇲🇲✨

The STEMCO Global Science competition is a prestigious international event that brings together exceptionally talented students in Science and Technology from countries all over the world.

We take great pride in seeing a Myanmar student reach the Global Finals and deservingly secure the Silver Award while competing against numerous international participants. 🌍🥈

This achievement is a direct result of her unwavering perseverance, diligence, and profound passion for Science. We extend our warmest wishes for her continued success in her future educational journey, and may she overcome every challenge with ease as she reaches even greater milestones. 🎉🌟

"Enroll before the end of April to get 16% special discount on school fees!” 📢✨

Empowering Students Today Toward Making a Better World Tomorrow.🌟

……………………………………………………………….

☎️ Contact us: +959 7707 99994, +959 7707 99995

📩 For more: info@yangonacademy.com

📍Address: 35(B) University Avenue Housing, New University Avenue Road, Bahan Township, Yangon, Myanmar.


 
 
bottom of page