top of page
Sports Events.jpg

News

& Events

Stay up-to-date with our latest happenings

Search

Stay safe from the extreme heat!

Apr 2
2 min read

ပြင်းထန်တဲ့ အပူရှိန်ဒဏ်ကနေ ကာကွယ်ဖို့ WHO ၏ ကျန်းမာရေးလမ်းညွှန်ချက်များကို မျှဝေပေးလိုက်ပါတယ်☀️🌡️

YA International School မှ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများခင်ဗျာ -

ယခုရက်ပိုင်းအတွင်း အပူရှိန် အလွန်အမင်း မြင့်တက်နေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသော အပူအန္တရာယ် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

💧 Keep Hydrated (ရေဓာတ်ဖြည့်တင်းပါ)

ရေငတ်သည်အထိ မစောင့်ဘဲ တစ်နေ့တာလုံး ရေကို ပုံမှန်ထက် ပိုသောက်ပေးပါ။

🏠 Stay Indoors (အိမ်တွင်း၌သာ နေထိုင်ပါ)

အပူဆုံးအချိန်များဖြစ်သည့် (နေ့လယ် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း) အပြင်ထွက်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

👕 Dress Light (ပေါ့ပါးစွာ ဝတ်ဆင်ပါ)

လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးသော အဝတ်အထည်များကို ရွေးချယ်ဝတ်ဆင်ပါ။

🍎 Healthy Diet (ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးပါ)

အစာကြေလွယ်သော အစားအစာများနှင့် လတ်ဆတ်သော သစ်သီးဝလံများကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပါ။

အကယ်၍ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် ပျို့အန်ခြင်း စသည့် အပူလျှပ်သည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း သွားရောက်ကြပါရန် အသိပေးအပ်ပါသည်။

…………………………..

Stay safe from the extreme heat! Please follow YA’s essential health guidelines.☀️🌡️

Dear Parents, Guardians, and Students of YA International School,

In response to the current extreme rise in temperatures, we urge everyone to strictly follow the heat safety guidelines issued by the World Health Organization (WHO). To prioritize your health and well-being, we strongly recommend following these essential precautions:

💧 Keep Hydrated: Drink plenty of water throughout the day. Do not wait until you feel thirsty; increase your fluid intake more than usual.

🏠 Stay Indoors: Avoid going outdoors and refrain from strenuous physical activities during peak heat hours, specifically between 11:00 AM and 4:00 PM.

👕 Dress Light: Choose lightweight, breathable, and light-colored clothing to help maintain a cool body temperature.

🍎 Healthy Diet: Opt for easily digestible meals and fresh fruits to help regulate your body heat.

⚠️ Notice: If you experience symptoms of heatstroke—including dizziness, headache, or nausea—please seek medical attention at the nearest healthcare facility immediately.

Let's stay safe and take care of one another during this summer season.



 
 
bottom of page