Model United Nations (MUN)
YA International School မှ ကျောင်းသား၊ ကျောင်းသူ (၈) ဦးတို့သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်သော Model United Nations (MUN) ညီလာခံသို့ သွားရောက်ခဲ့ကြပါသည်။ ✈️🇹🇭
Brighton College တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဤအခမ်းအနားသည် အာရှရှိ ကျောင်းပေါင်း (၇၀) မှ ကျောင်းသားကိုယ်စားလှယ်ပေါင်း (၅၄၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြသည့် အာရှတွင် အကြီးဆုံးသော MUN ညီလာခံတစ်ခု ဖြစ်ပါသည်။ 🏫🤝
အာရှနှင့် ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသား၊ ကျောင်းသူများသည် (၃) ရက်တာကာလအတွင်း ကမ္ဘာ့အရေးအပါဆုံး ပြဿနာရပ်များကို အပြုသဘော ဆွေးနွေးခြင်းနှင့် ဖြေရှင်းနည်းများကို အတူတကွ ပူးပေါင်းရှာဖွေခဲ့ကြပါသည်။ 🗣️💡
YA မှ ကျောင်းသား၊ ကျောင်းသူများကလည်း Model United Nations (MUN) ညီလာခံတစ်လျှောက်လုံးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြပြီး Grade 11 ကျောင်းသားခေါင်းဆောင် ကောင်းမိုးယံ (Kaung Moe Yan) သည် UNICEF Committee တွင် Head Chair အဖြစ် အရေးပါသောနေရာတွင် ရွေးချယ်ခြင်းခံခဲ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါသည်။ 🎖️👏
"ပိုမိုကောင်းမွန်သော နောင်အနာဂတ်ကမ္ဘာကြီးကို ဖန်တီးနိုင်ရန်အတွက် ယနေ့တွင် မိမိကိုယ်ကို စွမ်းဆောင်ရည်မြှင့်််တင်ကြစို့" ဟူသော ဆောင်ပုဒ်အတိုင်း အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသည့် ကျောင်းသားကိုယ်စားလှယ် အားလုံးကို YA International School မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။ 🌟🎊
…………………………….
Eight students from YA International School traveled to Bangkok, Thailand, to participate in the annual Model United Nations (MUN) conference held from March 20th to 22nd. ✈️🇹🇭
Hosted by Brighton College, this event is one of the largest MUN conferences in Asia, bringing together over 540 student delegates from 70 schools across the region. 🏫🤝
Over the course of three days, students from Asia and around the world engaged in constructive debates and collaborated to find solutions to some of the world’s most pressing global issues. 🗣️💡
We are incredibly proud of our YA students, who performed exceptionally well as representatives of Myanmar throughout the conference. A special congratulations goes to our Grade 11 student leader, Kaung Moe Yan, who was selected for the prestigious role of Head Chair for the UNICEF Committee. 🎖️👏
In line with the theme, "Empowering ourselves today to create a better world tomorrow," YA International School proudly commends all our student delegates for their hard work, dedication, and outstanding achievements. 🌟🎊
"Enroll before the end of April to get 16% special discount on school fees!” 📢✨
Empowering Students Today Toward Making a Better World Tomorrow.🌟
……………………………………………………………….
☎️ Contact us: +959 7707 99994, +959 7707 99995
📩 For more: info@yangonacademy.com
📍Address: 35(B) University Avenue Housing, New University Avenue Road, Bahan Township, Yangon, Myanmar.
#YA #YAInternationalSchool #InternationalSchool #YA_PlacementTest #ECC_FreeTrial #ECC #Since2004 #20Years_Plus #2026_2027_Academicyears #InternationalCurriculum #Elementary #Secondary #HighSchool #MiddleSchool #Array #MSA #WASC #Thailand #ModelUnitedNations #MUN



