top of page
Sports Events.jpg

News

& Events

Stay up-to-date with our latest happenings

Search

Middle Years MUN Conference at ISY.

  • May 14
  • 1 min read

ဧပြီလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့တွင် YA International School မှ အလယ်တန်းကျောင်းသား (၁၁) ဦးသည် Grade 11 ကျောင်းသားခေါင်းဆောင် ကျောင်းသား ၂ ဦးတို့၏ ဦးဆောင်မှုဖြင့် ISY ကျောင်းတွင် ကျင်းပခဲ့သည့် Middle Years MUN Conference သို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ 🏫✨

၃ ရက်တာအတွင်း YA ကျောင်းသားများမှ ကုလသမဂ္ဂ၏ ပုံစံတူမူဘောင်အတွင်းမှတစ်ဆင့် ကမ္ဘာ့ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြေအတင် ဆွေးနွေးငြင်းခုံခြင်းနှင့် ကြိုးပမ်းအားထုတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြပါတယ်။ 🌍🗣💡

YA ကျောင်းသားတို့၏ မိမိကိုယ်တိုင် ခေါင်းဆောင်မှုအရည်အသွေး၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် လူထုရှေ့စကားပြောဆိုမှုစွမ်းရည်များကို ပိုမိုတိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့တာကြောင့်များစွာဂုဏ်ယူရပါတယ်။ 👏🌟🎓

MUN (Model United Nations) ညီလာခံများကတော့ ကျောင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်သော လက်တွေ့သင်ယူမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ပြီး၊ YA Wolves ကျောင်းသားတို့၏ ကျောင်းနှင့် မိသားစုများကိုယ်စား စံနမူနာပြထိုက်သော ကိုယ်စားလှယ်များအဖြစ် ပါဝင်ခဲ့ကြသည့်အတွက် များစွာဂုဏ်ယူမိပါတယ်။ 🐺❤️

YA International School မှ MUN ကိုယ်စားလှယ်များနှင့် သံတမန်လောင်းလျာများကို ဂုဏ်ယူဝမ်းမြောက်သောအားဖြင့် အမှတ်တရပုံရိပ်အား မျှဝေလိုက်ပါတယ်။ 📸🤝

......................................................................

From April 24-27, 11 of our middle school students, led by 2 Grade 11 student leaders, participated in the Middle Years MUN Conference at ISY. 🏫✨

Over the course of 3-days, our students collaborated, debated, and strived to solve real-world problems through the simulated Model United Nations framework. 🌍🗣💡

Our students shined as they developed even further their leadership, critical thinking, and public speaking skills. 👏🌟🎓

MUN conferences provide invaluable experiential learning experiences for students, and we are so proud of our young Wolves as they represented their school and families in exemplary fashion. 🐺❤️

Congratulations to our MUN delegates and diplomats! 📸🤝

"Enroll before 5th June to get 10% special discounts on school fees!”

Empowering Students Today Toward Making A Better World Tomorrow. 🌟

…………………………………………………………………

☎️Contact us: +959 7707 99994, +959 7707 99995

📩For more: info@yangonacademy.com

📍Address: 35(B) University Avenue Housing, New University Avenue Road, Bahan Township, Yangon, Myanmar.



 
 
bottom of page