Gold Sponsor @ Hoopfest
- Nov 20, 2025
- 1 min read
Introducing our Gold Sponsor
Yangon Academy International School
YA International School သည် 2004 ခုနှစ်တွင်စတင်တည်ထောင်ထားသောအရည်အသွေးမြင့် International School တစ်ခုဖြစ်ပါတယ်။ WASC, MSA, ARRAY တို့ကလည်း အသိအမှတ်ပြုထားပြီး Pre-Nursery မှ Grade 12 အထိ အမေရိကန်သင်ရိုးနဲ့ သင်ကြားပေးနေပါတယ်။ Global Universities တွေထိ သွားလို့ရတဲ့ ထူးချွန်ကျောင်းသားတွေကိုလည်း နှစ်ပေါင်း၂၀ကျော် မွေးထုတ်နေတဲ့ ကျောင်းဖြစ်ပါတယ်။ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်မွန်မှာ တည်ရှိပြီး “Empowering Students Today Toward Making a Better World Tomorrow.” ကို ဆောင်ပုဒ်ထားပါတယ်။ Academic အပြင် Sports ကိုအလေးထားသောကျောင်း ဖြစ်သည့်အေလျာက် ဒီနှစ် Hoop Festival မှာတော့ Gold Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးသွားပါလိမ့်မယ်!
Saito Myanmar Learning Center
SAITO Myanmar က Malaysia SAITO University College ရဲ့ Myanmar Campus ဆိုတော့ MQA, MOHE တို့ကလည်း တရားဝင်အသိအမှတ်ပြုထားပါတယ်။ ဆယ်တန်း၊ IGCSE O Level၊ GED ပြီးသူများ Foundation Programme တက်နိုင်ပြီး Year 1–2 ကို Malaysia သွားတက်ပြီး Final Year ကို UK၊ Australia သို့မဟုတ် Malaysia တိုင်း ဆက်လက်တက်နိုင်ပါတယ်။ Campus က လှည်းတန်း၊ ကမာရွတ်မှာ ရှိပါတယ်။
Baho Private School Yangon
Baho School ကို 2019 ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး KG မှ Grade 9 အထိ သင်ကြားပေးနေပါတယ်။ Cambridge Curriculum နဲ့ Myanmar Curriculum ကို Dual Curriculum အဖြစ် သင်ပေးတဲ့ ကျောင်းပါ။ Academics, arts, sports, technology စသည့် လေ့လာစရာများ/ ဘာသာရပ်များအားလုံးကို စနစ်ကျသင်ကြားပေးနေပါတယ်။ ကျောင်းက မရန်းကုန်းမြို့နယ် ပြည်လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။




